Wednesday, December 4, 2013

ရင်ကိုထိသော

အဖေ(ရင်ကိုထိသောစာသားလေး) ************************************************************************* ကျွန်တော် ♥♥♥♥♥♥ ၄- နှစ်သားတုန်းက င့ါဖေဖေကြီး ဘာမဆို လုပ်တတ်တယ်...၊ ၅- နှစ် င့ါဖေဖေကြီး မသိတာ ဘာမှ မရှိဘူး..၊ ၆- နှစ် င့ါအဖေက မင်းအဖေထက်တတ်တယ်ကွ...၊ ၈- နှစ် တို့ ဖေဖေက အကုန်လုံးတော့ အတိအကျမသိဘူး..၊ ၁၀-နှစ် အဖေတို့ ငယ်ငယ်တုန်းကနဲ့ ခုနဲ့ တခြားစီပဲ...၊ ၁၂- နှစ် အင်း အဲဒါတော့ အဖေလဲ ဘယ်သိပါ့မလဲ..၊သူက အသက်ကြီးပြီ ဆိုတော့ ကလေးတုန်းက အကြောင်းတွေ မမှတ်မိနိုင်တော့ဘူး..။ ၁၄- နှစ် အဖေတော့ ထည့်မပြောနဲ့ သူက ရှေးရိုးသမားကြီး..။ ၂၁- နှစ် အဘိုးကြီးလား ..ထားပါ...၊ အောက်နေပြီ...၊ လုံးဝအောက်နေပြီ...၊ ၂၅- နှစ် အဖေလည်း နဲနဲပါးပါးတော့ သိတယ်..၊ မသိလို့လည်း မဖြစ်ဘူးလေ..၊ သူက လူကြီးပဲ...ဟာ။ ၃၀- နှစ် အဖေ့ကို နဲနဲပါးပါး မေးမြန်းကြည့်ရင် ကောင်းမယ်ထင်တယ်..၊ဘာပဲ ပြောပြော သူက အတွေ့အကြုံ အများကြီး ရှိတယ်...၊ ၃၅- နှစ် အဖေနဲ့ တိုင်ပင်ပြီးမှပဲ ဒီကိစ္စအတွက် ငါတစ်ခုခု လုပ်နိုင်မယ်...။ ၄၀- နှစ် အဖေသာဆိုရင် ဒီကိစ္စ ဘယ်လိုဖြေရှင်းမလဲ မသိဘူး..၊အဖေက အတွေ့အကြုံစုံတယ်..အမြော်အမြင် လည်း ရှိတယ်..၊ ၅၀- ဒီကိစ္စ ခုနေချိန်သာ အဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရ ပေးရ ငါပေးပါတယ်.. အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်း သတိမထားမိတာ သိပ်နှမြောစရာ ကောင်းတယ်. တကယ်ဆို ငါအဖေ့ဆီက အများကြီး ရလိုက်ဖို့ကောင်းတယ်...။ *********************************************************************** ကဲ..ဘယ်လိုလဲ သူငယ်ချင်းတို့....ကျွန်တော်ကတော့ ဒီစာလေးဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်ဖေဖေ ကို ပိုချစ်လာမိတယ်.....ပြီးတော့ စာသားတွေကလည်း ရင်ကိုထိတယ်ဗျာ...    မှတ်ချက်။        ။မူရင်းစာရေးသူကို သေချာမသိရလို့ ထည့်မပေးနိုင်တာကိုတော့နားခလည်ခွင့်လွှတ်                          ပေးကြပါလို့ တာင်းဆိုပါတယ်... ဖတ်ခွင့်ရအောင်ပြန်မျှဝေပေးတဲ့ ကို snakeကိုလည်း                           ကျေးဇူးပါ...  

No comments:

Post a Comment